Search
  • Khin Maung Lwin.llb

၁၉၄၂ - အဓိကရုဏ်း နှင့် ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်ခံရမှု

ရခိုင်ပြည်နယ်သည် တောင်ပိုင်း မြောက်ပိုင်းဟု၍ တည်ရှိပြီး၊ မြို့နယ် ၁၇ မြို့နယ်နဲ့ ဖွဲ့စည်းထားပြီ၊ ဗိုလ်နေဝင်းက ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်ကို သီးသန်းခွဲမထုတ်ခင်က ရခိုင်ပြည်နယ်ထဲ ပလောဝမြို့နယ် အပါအဝင်ဖြစ်ပါတယ်။ ယ္ခု တောင်ပိုင်းမှာ ၁၃ မြို့နယ်နဲ့ မြောက်ပိုင်းက ၄ မြို့နယ်တို့ ဖြစ်ပါတယ်။

ရိုဟင်ဂျာလူမျိုးများသည် ၁၉၄၂ ခုနှစ် မတိုင်မှီက မြို့နယ်အနှံ့ ပျံ့နှံ့နေထိုင်ကြ၍ ယနေ့ ရခိုင်ဒေသ၏ တောင်ပိုင်းမှာ ရိုဟင်ဂျာလူဦးရေ နည်းပါး၍၊ မြောက်ပိုင်းမှာ အဘယ်ကြောင့် ရိုဟင်ဂျာ လူဦးရေ ထူထပ်များပြား နေပါသလဲ။ ၁၉၄၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဂျပန်တို့က ရခိုင်ပြည်မှာ ဗြိတိသျှတို့ အခြေကုပ်စခန်းရှိတဲ့ နေရာတချို့ကို ဗုံးကြဲခဲ့ရာမှ ဗြိတိသျှတပ်များအထွက် ဂျပန်အဝင် ကြားကာလတခုဖြစ်တဲ့ ၁၉၄၂ ခုနှစ် မတ်လ ၂၈ ရက်နေ့ လူမျိုးရေး အဓိကရုဏ်း၏ အနိဠာရုံက အဖြစ်အပျက်များမှာ ရိုဟင်ဂျာလူမျိုးတို့ ရွာများ မီးရှို့/ သတ်ဖြတ်ခံရာမှုတွင် တောင်ပိုင်းက ရိုဟင်ဂျာရွာပေါင်း ၂၅၀ ကျော် မီးရှို့ခံရပြီး၊ ရိုဟင်ဂျာလူမျိုး ၆ သောင်းကျော် သတ်ဖြတ်ခံရကာ ရိုဟင်ဂျာလူမျိုး ၂ သိန်းခွဲကျော်က မြောက်ပိုင်းသို့ အသက်လု ထွက်ပြေးခဲ့ကြရပါသည်။

ထိုအချိန်တွင် မြောက်ပိုင်းက ဆင်းလာသော ရိုဟင်ဂျာ အမျိုးသားများ၏ ကာကွယ်မှုကြောင့် ရခိုင်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ရိုဟင်ဂျာလူမျိုးများ အများဆုံး သတ်ဖြတ်ခံရသည်မှာ တောင်ပိုင်း ကျောက်တော်မြို့နယ်က ၁/လာမ်ဘားရှောရ်း ၂/ဟောန်းဒေါလ်း ၃/ဗာရ်ဂွါးဖါရားတို့ အများဆုံးဖြစ်ခဲ့၍ အာဖာခ်ကောရ်ဒါးလား (ခ) စမ်းချောင်းရေဟာ တစ်လလောက် သွေးနီရောင် ဖြစ်ခဲ့ဘူးတယ်ဟု အဆိုများရှိခဲ့ပါသည်။ ထိုအချိန်အခါက ဗြိတိသျှတပ်အထွက် ဂျပန်အဝင်အချိန်မို့ ရခိုင်ဒေသတွင် မည်သည့် အစိုးရကမှ အာဏာပိုင်ဆိုင်ခြင်း မရှိတဲ့ အုပ်ချုပ်ရေးမဲ့ ကာလတခုလည်း ဖြစ်နေသဖြင့် ထိုအခါတွင် မြန်မာနိုင်ငံဟာ မင်းမဲ့တိုင်းပြည်တခု ဖြစ်နေကြတာပါ။


၁၉၄၂ ခုနှစ် မတိုင်မှီက ရခိုင်ဒေသ ၁၇ မြို့နယ်အားလုံးမှာ ရိုဟင်ဂျာလူမျိုးများနဲ့ ရခိုင်လူမျိုးများ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ နေထိုင်ကြတာပါ။ ရခိုင်တောင်ပိုင်းဒေသမှ ၁၉၄၂ ခုနှစ် အဓိကရုဏ်းကြောင့် အသက်လု ထွက်ပြေးသွားခဲ့သော ရိုဟင်ဂျာ လူဦးရေ ၂ သိန်းခွဲကျော်က သူတို့ရဲ့ လုံခြုံရေးအရ မြောက်ပိုင်းမှာ အခြေချနေထိုင်ခဲ့၍ ယ္ခု မြောက်ပိုင်းတွင် ရိုဟင်ဂျာလူဦးရေ ထူထပ်များပြားခြင်း ဖြစ်ပါတယ်။


 ရခိုင်ပြည်နယ်ကို ဝတီ ၄ ခုဖြင့်လည်း ဖွဲ့စည်းထား၍ ၁/ရမ္မာဝတီ ၂/မောရဝတီ ၃/ဒွေါရဝတီ ၄/ဓညဝတီတို့ ဖြစ်၍

ယ္ခု ခရိုင် ၅ ခုဖြင့်လည်း ဖွဲ့စည်းထားပါသည်။ ၁/စစ်တွေခရိုင် (က)စစ်တွေ (ခ)ရသေ့တောင် (ဂ)ပေါက်တော (ဃ)ပုဏ္ဏာကျွန်း

၂/မောင်တောခရိုင် (က)မောင်တော (ခ)ဘူးသီးတောင်

၃/သံတွဲခရိုင် (က)သံတွဲ (ခ)တောင်ကုတ် (ဂ)ဂွ

၎/ကျောက်ဖြူခရိုင် (က)ကျောက်ဖြူ (ခ)ရမ်းဗြဲ (ဂ)မြန်အောင် (ဃ)အမ်း

၅/မြောက်ဦးခရိုင် (က)မြောက်ဦး (ခ)မင်းပြား (ဂ)ကျောက်တော် (ဃ)မြေပုံတို့ ဖြစ်ကြပါသည်။

0 views