Search
  • Khin Maung Lwin.llb

တူနီးရှား အစိုးရရဲ့အစီအစဉ်တွေကို ဆန္ဒပြ

မောင်တောခရိုင်ထဲက လုံခြုံရေးစခန်းတွေအပေါ် ARSA အကြမ်းဖက်အဖွဲ့က August လ ၂၅ ရက်နေ့က တပြိုင်တည်းတိုက်ခိုက်ခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင်များ ၏ ရွာများကို အင်အား အလွန်အကျွံ အသုံးပြုနှိမ်နင်း နယ်မြေရှင်းလင်းရေးများ လုပ်ခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်မိန့်ခွန်းမှာ မြန်မာတပ်မတော်ကို ပြတ်ပြတ်သားသား သတိ ပေးလိမ့်မယ်လို့ လူအများက မျှော်လင့်ခဲ့ကြသည်။


ဒါပေမယ့် ဒေါ် အောင်ဆန်းစုကြည်က သူမ၏ မိန့်ခွန်းတွင် “ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်နဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု အားလုံးကို ကျွန်မတို့ ပြစ်တင် ရှုတ်ချပါတယ်။နိုင်ငံတဝန်းလုံးမှာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ပြန်လည် ထိန်းသိမ်းဖို့ အတွက်ကျွန်မတို့ သန္နိဌာန်ချမှတ်ထားပြီးဖြစ်ပါတယ်။ အပြစ်မဲ့အရပ်သားတွေကိုထိခိုက်တာနဲ့ တနွယ်ငင် တစင်ပါ နစ်နာရတာတွေကို ရှောင်ရှား နိုင်ဖို့အတွက်၊ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ဆောင်ရွက်တဲ့အခါ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေကို အသေအချာ၊ အပြည့်အဝလိုက်နာပြီး၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။” လို့ မြန်မာတပ်မတော် စစ်သားများ၏ ပြစ်မှု ကျူးလွန်ထားခြင်းကို အခိုင်အမာ ရပ်တည်ပေးပြီး တောက်ခံပြောဆိုခဲ့ပါသည်။

ဒါ့အပြင် "ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ၏ စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးတာတွေကို ကြောက်ရွံ့ နေမှာ မဟုတ်ဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သည်ကို တွေ့ရှိရပါသည်။

ဒေါ် အောင်ဆန်းစုကြည်၏ မိန့်ခွန်းများကို လူအခွင့်အရး လှုပ်ရှားနေသူများက "ဒီကနေ့ မိန့်ခွန်းကတော့ ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း ရခိုင်ပြည်နယ်မှာ ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အရပ်သား အစိုးရက ဖြစ်ပျက်နေတာတွေကို အရပ်သားအစိုးရက ငြင်းပယ်နေတဲ့ လက္ခဏာ တခု" လို့ ယူဆပါတယ်။ 

တချို့ပြောဆိုချက်တွေဟာ ဆိုရင်လည်း မမှန်ကန်တာတွေ၊ အပြစ်ဖို့တာတွေနဲ့ ရောထွေးနေပါတယ်။" လို့ ဝေဖန်ထားတာကိုလည်း အောင်ဆန်းစုကြည်က အင်တာဗျူတွေမှာ ပြန်လည်ရှူတ်ချခဲ့သည်။

မောင်တောက အင်းဒင်ရွာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ထားတဲ့ မွတ်ဆလင်တွေ အစုလိုက် အပြုံလိုက် မြှုပ်ထားတယ် ဆိုတဲ့ သတင်းတွေ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်က "မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မွတ်စလင်ရွာသား (၁၀) ဦး သတ်ဖြတ်ခံရမှုမှာ တပ်မတော်သားတချို့ ပါဝင်ခဲ့ကြောင်း ၀န်ခံပြောဆိုတာဟာ တရားဥပဒေ စိုးမိုးရေးအတွက် တိုးတက်မှု ခြေလှမ်းတခုဖြစ်ကြောင်း|တာဝန်ရှိသူတွေကို အရေးယူဖို့ စစ်တပ်က ပြောဆိုခဲ့တာဟာ နိုင်ငံအတွက် ရှေ့ကိုခြေလှမ်းသစ်တလှမ်း လှမ်းလိုက်တာဖြစ်ကြောင်း| ဒီလိုဖြစ်ရပ်တွေကို စုံစမ်းဖော်ထုတ်ခြင်းအားဖြင့် အလားတူ ဖြစ်ရပ်မျိုးတွေကို ဟန့်တားနိုင်မယ်လို့ ယုံကြည်ကြောင်း| နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အလည်အပတ်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono နဲ့ ဒီကနေ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှစ်ခုကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ပြောဆိုချက်တွေ အတော်လေးကို ကွာဟာနေပါသည်ကို တွေ့ရပါတယ်။ 

အင်းဒင်မှာ ရွာသား (၁၀) ဦး သတ်ဖြတ်ခံရမှုမှာ တပ်မတော်သား တချို့ ပါဝင်ခဲ့ကြောင်း ၀န်ခံပြောဆိုတာဟာ တရားဥပဒေ စိုးမိုးရေးအတွက် တိုးတက်မှု ခြေလှမ်းတခုဖြစ်ကြောင်းလို့ ပြောတာဟာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြု မိန့်ခွန်းမှာ ပြောခဲ့တဲ့ "လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ဆောင်ရွက်တဲ့အခါ၊ လုပ်ထုံးလုပ်နည်းစည်းမျဉ်းတွေကို အသေအချာ၊ အပြည့်အဝလိုက်နာပြီး၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်" ပြောဆိုချက်တွေက မှန်ကန်မူ မရှိတာကို ပြသနေပါသည်။

ရခိုင်ပြည်နယ် မောင်တောမြို့က အင်းဒင်ရွာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များက သတ်ဖြတ်ထားသည့် မွတ်ဆလင်များကို အစုလိုက် အပြုံလိုက် မြုပ်ထားသည့် သတင်းများ၏ နောက်ပိုင်း ဒေသခံများက အလားတူ သတ်ဖြတ်ထားမှုမျိုးတွေ ဒေသတွင်းမှာ နောက်ထပ်ရှိဦးမယ် လို့ ဆိုကြပါတယ်။

"ရခိုင်ပြည်၊ မောင်တောမြို့နယ် တောင်ပိုင်းက ကညင်တန်းကျေးရွာတွင် လူ ၂၈ ယောက်၏ အသေ အလောင်းများကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယူဆောင်လာပြီး မြုပ်နှံခဲ့ကြောင်းနှင့် မွတ်ဆလင်များကို အစုလိုက် အပြုံလိုက် မြှုပ်နှံမှုများ အခင်းဖြစ်နေရာတိုင်းတွင် နောက်ထပ်ရှိဦး မယ်" လို့ ဒေသာခံများမှ တဆင့် သိရှိရပါသည်။

ဒါတွေဟာ မြန်မာ့တပ်မတော်မှ စစ်သားများ နယ်မြေရှင်းလင်းရေး လုပ်နေစဉ် လူအခွင့်အရေး ချိုးပေါက်မူများ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့သည့် သက်သေ မှတ်တမ်းများ ဖြစ်သည်မှာ ပေါ်လွင်နေပါသည်။

ရိုဟင်ဂျာ လူမျိုးများ လူ့ အခွင့်အရေး ချိုးဖောက်ခံရမူကို အကြိမ်ကြိမ်ငြင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေး ခြေလှမ်းစလို့  ပြောသော်လည်း ရိုးသာမှု ရှိနိုင်လား လို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါသည်။

0 views