ရိုဟင်ဂျာအရေး ကန် အစိုးရအရေးယူမှု USCIRF ထောက်ခံ

January 3, 2018

 

USCIRF ခေါ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အမေရိကန် ကော်မရှင်က Global Magnitsky Human Rights Accountability Act ခေါ် ကမ္ဘာတခွင်လုံးဆိုင်ရာ မက်ဂနစ်စကီး လူ့အခွင့်အရေး တာဝန်ယူမှုဥပဒေကို အမေရိကန်အစိုးရနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် ကျင့်သုံးခဲ့မှုအတွက် ဂုဏ်ပြုကြောင်း ဇန်နဝါရီလ ၂ ရက် မနေ့က ကြေညာလိုက်ပါတယ်။

အဲဒီ ဥပဒေအရ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးရှင်းလင်းမှုအတွက် တာဝန်ရှိတဲ့ အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး ကို နိုင်ငံခြားရေးဌာနက ပိတ်ဆို့အရေးယူခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ်ပဲလို့ USCIRF အဖွဲ့ဝင် Kristina Arriaga ခရစ်တီးနား အာရီးရားဂါ ကပြောပါတယ်။

ဒီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်စခန်းတွေကို အစ္စလမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ ၄ ရက်ကြာခရီးစဉ်အဖြစ် ဒီကနေ့ စတင်သွားရောက်မယ်လို့ ဒါကာမြို့က သတင်းရပါတယ်။

လူသားချင်းစာနာမှုကူညီရေးနဲ့ တခြား အခက်အခဲတွေကို အဲဒီအဖွဲ့ဝင်တွေက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ဆွေးနွေးမယ်လို့ဆိုပါတယ်။ OIC အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှုလိုပေမယ့် မြန်မာအစိုးရက ခွင့်မပြုတဲ့အတွက် ဘင်္ဂလားဒေ့ရှ်က စခန်းတွေကိုပဲ သွားရောက်ရတာဖြစ်တယ်လို့လည်း OIC ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြပါတယ်။ 

Share on Facebook
Share on Twitter
Please reload

Please reload

Please reload