ဖြူးမြို့အနီး ဗဟိုပြု၍ မြေငလျင်ထပ်လှုပ်ပြန်

January 12, 2018


၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၂)ရက်နေ့ မြန်မာစံတော်ချိန် ည(၉)နာရီ (၅၃)မိနစ် (၅၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက်မိုင်(၁၀၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် (၂၁) မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အား နည်ငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် စောစောပိုင်းကလည်း ဖြူးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.၀)အဆင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့ပြီးနောက် အင်အား ၄.၇ မှ ၅.၃ အဆင့်အထိ မြေငလျင် ၄ ခု ထပ်မံလှုပ်ရှားခဲ့သည်။

ထို့နောက် ယနေ့ နံနက် (၁၀)နာရီ (၄၆)မိနစ် (၀၄)စက္ကန့် အချိန်တွင် ကမ္ဘာအေး မြေငလျင် စခန်းမှ မြောက်ဘက် (၁၀၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် (၂၁) မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပြန်သည်။

ယနေ့မွန်းလွဲ (၁)နာရီ (၅၉)မိနစ် (၄၈)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၁၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် (၂၃) မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့သေးသည်။

ထိုသို့ငလျင်များလှုပ်ရှားမှုနှင့်ပတ်သက်၍ ကြိုတင်ခန့်မှန်းလို့မရသလို ကြိုတင်သိရှိခြင်းလဲ မရှိနိုင်သည့် ငလျင်ဘေးအန္တရာယ်ကို သတိပြုနေထိုင်ရန်နှင့် ကြိုတင်လိုက်နာဆောင်ရွက်ရမည့်အချက်များကို လူကယ်ပြန်ဝန်ကြီးဌာနမှ ယနေ့နံနက်ပိုင်းက သတိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သေးသည်။ 

Share on Facebook
Share on Twitter
Please reload

Please reload

Please reload