PSLF / TNLA နှင့် RCSS တို့အကြား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမည်

January 26, 2018

 

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA မှ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ- RCSS နှင့် တရားဝင် ပဏာမတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း၊ အပစ်အခတ် ရပ်စဲရေးကို တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း TNLA က ဇန်န၀ါရီလ ၂၆ ရက် (ယနေ့) နေ့လယ်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

 

PSLF / TNLA နှင့် RCSS တို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က ပထမအကြိမ် တရားဝင် တွေ့ဆုံခဲ့ကြပြီး ၄င်းတို့နှစ်ဖွဲ့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကို အဖြေရှာနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ တွေ့ဆုံမှုတွင် နှစ်ဖက် အပစ်အခတ်ရပ်စဲမှုများ ပြုလုပ် နိုင်ရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခများကို အဖြေရှာနိုင်ရန်အတွက် အဆင့်မြင့် ခေါင်းဆောင် များအကြား ဆက်လက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Share on Facebook
Share on Twitter
Please reload

Please reload

Please reload