ရိုဟင်ဂျာအရေး ဒေသတွင်းပဋိပက္ခတွေဖြစ်ပွားနိုင်

February 6, 2018

 

မြန်မာနိုင်ငံထဲက ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်တာလို၊ လူမျိုးစုရှင်းလင်းတာလို ဖြစ်နိုင်တဲ့ဆောင်ရွက်ချက်တွေဟာ နယ်စပ်ဒေသမှာတင်မက နိုင်ငံရဲ့တခြားဒေသတွေမှာပါ သဘောထားကွဲလွဲမှု ပဋိပက္ခတွေဖြစ်ပွားဖို့ မီးထိုးပေးသလိုဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဥက္ကဌ ဇာအိဟူစိန်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ စိုးရိမ်ဖွယ်ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အဲဒီပြဿနာတွေရဲ့ သက်ရောက်မှုဟာ နိုင်ငံရဲ့လုံခြုံရေးကိုပါ ထိပါးလာနိုင်တယ်လို့ မစ္စတာဟူစိန်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ပြောခဲ့တာပါ။

 

ပြီးခဲ့တဲ့သီတင်းပတ်က ရခိုင်ပြည်နယ်ထဲမှာ လူတွေကို သတ်ဖြတ်မြှုပ်နှံထားတယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် အစိုးရစစ်သားတွေကို အဲဒီလူမျိုးစုရှင်းလင်းမှုကို လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲကြတာနဲ့ ဆက်စပ်ပြီး သူကအခုလိုပြောဆိုခဲ့တာပါ။ မြန်မာအစိုးရကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လူမှုစီးပွားဖွံ့ဖြိုးလာတာကို မြန်မာအစိုးရက ကျေနပ်နေနိုင်ပေမဲ့ အဲဒီတိုးတက်မှုတွေက လူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုကိုတော့ မဖုံးကွယ်နိုင်ပါဘူးလို့ ဇိယက်ဟူစိန်က ပြောပါသေးတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဥက္ကဌဇိယက်ဟူစိန်ဟာ သူ့ရဲ့ ၃ ရက်တာ အင်ဒိုနီးရှားခရီးစဉ်အတွင်း သမ္မတ ဂျိုကို ဝီဒိုဒိုအပါအဝင်၊ အစိုးရအဖွဲ့ဝင်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

Share on Facebook
Share on Twitter
Please reload

Please reload

Please reload